မျက်စိအတွင်းတိမ်ခွဲစိတ်ပြီး ရှောင်ရှားရမည့်အချက်များ

Posted by Thiha Tun on

မျက်စိအတွင်းတိမ်ခွဲစိတ်ပြီးရှောင်ရှားရမည့်အချက်များ

 

အတွင်းတိမ်ခွဲစိတ်ပြီး မျက်စိကိုစနစ်တကျဂရုစိုက်မှလည်း ‌ခွဲစိတ်ပြီးမြင်ကွင်းရလဒ်ဟာ ပိုမိုကောင်းမွန်မှာဖြစ်တာကြောင့် ခွဲစိတ်ပြီးရှောင်ရှားရမည့်အချက်များကိုဖော်ပြပေးလိုက်ပါတယ်ရှင်

- ခွဲစိတ်ထားသည့် မျက်စိအားလက်နှင့်ပွတ်ခြင်း၊ မသန့်ရှင်းသောအဝတ်စဖြင့်သုတ်ခြင်းတို့မှ ရှောင်ပါ။
- ခွဲစိတ်ထားသော မျက်လုံးအတွင်းသို့ ဖုံနှင့်အမှုန်များ ဝင်ရောက်ခြင်းမရှိစေရန်ဖုံထူသောနေရာများသို့သွားလာခြင်းကိုရှောင်ပါ။
- မျက်စိအတွင်းသို့ ရေ၊ ဆပ်ပြာ နှင့် ခေါင်းလျော်ရည်တို့ ဝင်ရောက်ခြင်း မရှိစေရပါ။
- အလေးအပင်တစ်ခုခုကို ကုန်းရုန်းမခြင်း၊ ပြင်းထန်ပြီးအားစိုက်ထုတ်ရသောလေ့ကျင့်ခန်း များမပြုလုပ်ရပါ။
- ညအိပ်ရာဝင်သည့်အခါ ခွဲစိတ်ထားသောမျက်လုံးကို ထိခိုက်ခြင်းမှ ကာကွယ်ရန် မျက်လုံးအကာ ဖြုတ်ခြင်းမပြုလုပ်ရပါ။
- ခွဲစိတ်ထားသောမျက်စိဖက်သို့စောင်းအိပ်ခြင်းမပြုလုပ်ရပါ။
- အပြင်ထွက်လျှင် နေရာင်ခြည်ထိတွေ့ခြင်းနှင့်နေရောင်စူးခြင်းတို့ကိုရှောင်ပါ။

အထက်ဖော်ပြပါအချက်အလက်များကိုရှောင်ရှားပြီး ခွဲစိတ်ထားသောမျက်စိကိုဂရုစိုက်နိုင်ပါတယ်ရှင်

ဇီးကွက်မျက်စိအထူးကုဆေးရုံမှလူကြီးမင်းတို့မျက်စိရောဂါနှင့်ပတ်သက်သည်များကိုမျက်စိအထူးကုဆရာဝန်များကိုယ်တိုင်စမ်းသပ်စစ်‌ဆေးပေးနေတာဖြစ်လို့ မျက်စိအတွက်ဆိုဇီးကွက်မျက်စိအထူးကုဆေးရုံကအဆင်သင့်ရှိပါတယ်ရှင်

 

အတွင်းတိမ် ခွဲစိတ်ခြင်း


Share this post



← Older Post Newer Post →