Multifocal IOL မထည့်ခင် ဒီအချက်တွေ သိပြီးပြီလား?
Posted by ZeeKwek Marketing on
အတွင်းတိမ်ခွဲပြီး မျက်မှန်ပြန်မတပ်ချင်လို့ Multifocal IOL ထည့်ချင်ပေမဲ့ ဘာမှ နားမလည်လို့ စိုးရိမ်နေပါသလား❓
ဒီနေ့မှာတော့ ဇီးကွက် ( မျက်စိဆေးရုံ)ကနေ မျက်မှန်ပြန်တပ်စရာမလိုတဲ့ Multifocal IOL ကို မရွေးချယ်ခင် သိထားသင့်တဲ့ အချက် (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။✨
📍 အသားကျဖို့ အချိန်ယူရခြင်း
အစပိုင်း ညဘက်မီးရောင်ကြည့်ရင် အလင်းကွင်းလေးတွေ မြင်ရတတ်ပေမဲ့ တဖြည်းဖြည်း အသားကျပြီး ပျောက်သွားပါမယ်။
📍 အလင်းရောင် လိုအပ်ခြင်း
ခွဲစိတ်ပြီးခါစမှာ အလွန်သေးငယ်တဲ့ စာလုံးတွေကို ဖတ်မယ်ဆိုရင် ပတ်ဝန်းကျင် အလင်းရောင် လုံလောက်ဖို့ လိုပါတယ်။
📍 မျက်ကြည်လွှာ ကျန်းမာရန်လိုအပ်ခြင်း
ရေတိမ်၊ ဆီးချိုမျက်စိရောဂါ စတဲ့ တခြားဆက်စပ်ရောဂါတွေ ကင်းရှင်းနေမှသာ Multifocal IOL ထည့်သွင်းရန် သင့်တော်ပါတယ်။
📍 တိကျမှုနဲ့ ကျွမ်းကျင်မှု
Multifocal IOL ထည့်မယ်ဆိုရင် လူနာတစ်ဦးချင်းစီအလိုက် တိကျစွာတိုင်းတာနိုင်တဲ့ စက်ကိရိယာတွေနဲ့ ဝါရင့်ဆရာဝန်ကြီးတွေရဲ့ ကျွမ်းကျင်မှု အထူးလိုအပ်ပါတယ်။
ဒါကြောင့် Multifocal ထည့်သွင်းဖို့ ကိုယ့်
မျက်လုံးနဲ့ သင့်တော်မှု ရှိ/မရှိကို ဇီးကွက် (မျက်စိဆေးရုံ) မှာ ခေတ်မီစက်ကိရိယာတွေနဲ့ စမ်းသပ်ပေးနေတဲ့အပြင် …
ရာနှုန်းပြည့် စိတ်ချရတဲ့ အမေရိကန်ထုတ် Multifocal IOL များကိုသာ အသုံးပြုပေးနေလို့ ယုံကြည်စိတ်ချစွာ လာရောက်ကုသ နိုင်ပါတယ်ရှင်။
မျက်စိအတွက်ဆိုဇီးကွက်
📍 ဇီးကွက် မျက်မှန် နှင့် မျက်စိအထူးကုဆေးရုံ (အင်းစိန် )
အမှတ် (၅၃)၊ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံမှတ်တိုင်အနီး၊(ရိုးမဘဏ်ရှေ့) အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09783383313, 09783383323
📍 ဇီးကွက် မျက်မှန် နှင့် မျက်စိအထူးကုဆေးရုံ (ပန်းဆိုးတန်း)
အမှတ် (၅၄၂, ၅၄၄)၊ ပန်းဆိုးတန်းလမ်း နှင့် ကုန်သည်လမ်းထောင့် (အိန္ဒိယသံရုံးရှေ့)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊
☎️ 09896040106, 09896040107
📍 ဇီးကွက် မျက်စိခွဲစိတ်စင်တာ(တောင်ဥက္ကလာပ)
အမှတ် (၈၀၆) ၊ သံသုမာလမ်းမကြီး၊ ရတနာလမ်း နှင့် မေတ္တာလမ်းကြား၊(၃၁) ဂိတ်ဟောင်းမှတ်တိုင် အရှေ့၊ တောင်ဥက္ကလာပမြို့နယ်။
☎️ 09 8876 33337 / 09 8876 33338

