အတွင်းတိမ်ခွဲစိတ်ပြီး အဝေးကြည့်နဲ့ ကွန်ပျူတာကြည့်ဖို့ မျက်မှန်မတပ်ချင်သူများအတွက် အကောင်းဆုံးမှန်ဘီလူး

Posted by Thiha Tun on

ကျွန်တော်တို့ ဇီးကွက်မျက်စိအထူးကုဆေးရုံဟာ လူကြီးမင်းတို့ မျက်စိကျန်းမာရေးအတွက်
ခေတ်မီသောနည်းပညာများကို အသုံးပြု၍ အကောင်းဆုံးကုသပေးနိုင်ရန် အစဥ်အမြဲကြိုးစားလျက်ရှိတာနဲ့အတူ အခုလဲ​ အမေရိကန်နိုင်ငံ​ Johnson & Johnson ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် Eyehance မှန်ဘီလူး (Monfocal IOL with Improved Intermediate Vision) အမျိုးအစားကိုမိတ်ဆက်ပေးချင်ပါတယ်

ဒီမှန်ဘီလူးကို အသုံးပြုပြီး အတွင်းတိမ်ခွဲစိတ်ပါက အဝေးနှင့် ကွန်ပျူတာ ကြည့်အကွာအဝေးအတွက် ပိုမိုကြည်လင်သောအမြင်ကိုရရှိမှာဖြစ်ပါတယ်၊ ခွဲစိတ်ပြီး အနီးကြည့်အတွက်တော့ မျက်မှန်လိုနိုင်ပါတယ်။ ဒီမှန်ဘီလူးရဲ့ အားသာချက်များကတော့

  • အဝေးက မီးပွိုင့်တွေ၊ စတိတ်စင်တွေ၊ အားကစားပွဲတွေမှာ ကောင်းစွာမြင်နိုင်ခြင်း
  • လက်တကမ်းအကွာအဝေး, ကွန်ပျူတာကြည့်အတွက် အမြင်ကောင်းမွန်ခြင်း
  • အလင်းရောင်းအားနည်းတဲ့ ညဘက်ကားမောင်းတဲ့အခါ ပိုမိုစိတ်ချရခြင်း
  • အနီး၊ အလည်၊ အဝေးကြည့် Multifocal မှန်ဘီလူးများထက် များစွာကုန်ကျစရိတ်သက်သာခြင်းတို့ဘဲဖြစ်ပါတယ်
  • ခေတ်မီနည်းပညာအသစ်ဖြင့်ထုတ်လုပ်ထားသော Eyehance မှန်ဘီလူးသည် လူတိုင်းအတွက် အရေးပါသော နေ့စဉ်လုပ်ငန်းဆောင်တာ (daily life activities) များအတွက် ပိုမိုအရည်အသွေးကောင်းမွန်သောပုံရိပ်ကိုရရှိစေမှာဖြစ်ပါတယ်

IOL for driving and computer distance , USA မှန်ဘီလူး


ဒီမှန်ဘီလူးအမျိုးအစားကို ရွေးချယ်အသုံးပြုပြီး အတွင်းတိမ်ခွဲစိတ်ချင်ပါက အောက်ပါမျက်စိအထူးကုခွဲစိတ်ဆရာဝန်ကြီးများနဲ့ ဇီးကွက်မျက်စိအထူးကုဆေးရုံ (အင်းစိန်) မှာ လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ဗျ

Dr. မေဇွန်အောင်ဝင်း
M.B.,B.S, M.Med.Sc (Ophth) MRCSEd (Ophth),
Dr.Med.Sc(Ophth) M.Sc Retina (UCL)(London),
Fellowship in Ocular Inflammation and Immunology (Singapore)
မျက်စိအတွင်းတိမ် နှင့် မျက်စိအတွင်းပိုင်း ရောင်ယမ်းခြင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး

Dr. ဝင့်ဝါလှိုင်
M.B.,B.S (Ygn), M.Med.Sc (Ophth),
MRCSEd (Ophth), FICO
Dr.Med.Sc (Ophth),
Fellowship in Advanced Cataract (Singapore)
အတွင်းတိမ်ခွဲစိတ် နှင့် အထွေထွေ မျက်စိရောဂါ အထူးကုဆရာဝန်ကြီး

 


Share this post



← Older Post Newer Post →