When should you have an eye examination?

မျက်စိပါဝါ ဘယ်အချိန်ပြန်စစ်မလဲ

  • မျက်မှန်ပါဝါကိုတစ်ခါစစ်ပြီး ဘယ်လောက်အကြာမှာထပ်စစ်လေ့ရှိလဲ?
  • မျက်မှန်ပါဝါ စစ်ဖို့လိုနေပြီဆိုတဲ့ လက္ခဏာတွေကိုရော ဘယ်လိုသိနိုင်မလဲ?


ဒါတွေကိုသိရဖို့ သင်က မျက်မှန်တပ်ရတဲ့ ဇီးကွက်လေးတစ်ယောက်ဆိုရင်တော့ ဒီအချက်တွေကို ဖတ်ကြည့်ဖို့လိုပြီနော်...

1.ခြေလှမ်း ၁၀ လှမ်းလောက်အကွာအဝေးကို မြင်ရတာမသဲကွဲတာမျိုး ဖြစ်မယ်။
2.မျက်ရိုးနားတစ်လျှောက် ညောင်းကိုက်တာမျိုးကြောင့် ခေါင်းကိုက်မယ်။
3.ကွန်ပျူတာ ၊ TV တို့ကိုကြည့်တဲ့အခါ မိမိ မသိလိုက်ဘဲ မျက်မှောင်ကုတ်ကြည့်မိနေတတ်မယ်။
4.တစ်စုံတစ်ခုကို ကြည့်တဲ့အခါ ဝါးနေတာမျိုးဖြစ်တဲ့အတွက် အာရုံစိုက်ကြည့်နေရမယ်။
5.အမှောင်ထဲကနေ အလင်းကို ကြည့်တဲ့အခါ ကြည့်ရတာ ခက်ခဲမယ်။
6.တစ်ခါတလေမှာ အမြင်နှစ်ထပ်ဖြစ်တာမျိုးပါကြုံရတတ်ပါတယ်။
7. ကိုယ့်မျက်စိဆရာဝန်ချိန်းထားသော့ ရက်ချိန်းပြည့်တဲ့အခါ ၆ လ သို့ ၁နှစ်

ဒီအချက်တွေနဲ့ ကြုံနေရပြီဆိုရင်တော့ မျက်မှန်ပါဝါစစ်ဖို့လိုအပ်နေတာ သေချာပြီမို့ ဇီးကွက် ကိုလာခဲ့ဖို့တိုက်တွန်းပါရစေ....

✔ဒီလို အချက်တွေမဖြစ်ဘူးဆိုရင်တောင်
မျက်မှန်တပ်ရတဲ့သူတစ်ယောက်အနေနဲ့ မျက်စိကျန်းမာရေးအတွက် အနည်းဆုံး တစ်နှစ်ကိုတစ်ကြိမ် ကျွမ်းကျင်ဆရာဝန်နဲ့ မျက်မှန်ပါဝါစမ်းသပ်သင့်ပါတယ်။ ပါဝါအရမ်းများတဲ့ သူတွေအနေနဲ့ကတော့ ၆လကိုတစ်ခါ မျက်စိစစ်ဆေးတာပိုပြီးသင့်လျော်ပါတယ်။✔

ဒါကြောင့် မျက်စိကျန်းမာရေးအတွက် ဇီးကွက်မှာ မျက်မှန်ပါဝါကိုပုံမှန်စစ်ဆေးဖို့ မမေ့နဲ့နော်