News

What is Prescription lens - Single Vision, Bifocal and Multifocal Lens?

Posted by Kyawkyaw soe on

  ဇီးကွက်မှာ မျက်မှန်လာလုပ်တဲ့အခါ Single Vision, Bifocal နဲ့ Multifocals ဘာမှန်အမျိုးအစားကိုရွေးရမလဲ ရှင်းရှင်းလင်းလင်း သိသွားအောင် ဇီးကွက်က ပြောပြပေးချင်လို့.. SINGLE VISION  ✨Single Visions ဆိုတာကတော့ အဝေး (သို့မဟုတ်) အနီး တစ်မျိုးထဲကိုပဲမြင်ရတဲ့ အဝေးမှုန် အနီးမှုန်တွေတပ်ကြတဲ့မျက်မှန်မျိုးပါနော်😇 အသက် ၄၀အောက်တွေကတော့ single vision ဘဲတပ်ရတာများပါတယ်  BIFOCALS ✨အဝေး အနီး နှစ်မျိုးလုံးမြင်ရဖို့ Lens နှစ်မျိုးပါတာကို Bifocals လို့ခေါ်တယ်နော်.. အသက် ၄၀ကျော်ရင် bifocals သို့ multifocals မှန်လို လေ့ရှိပါတယ် Bifocals Lens ရဲ့မျက်နှာပြင်အလယ်မှာဆိုရင် မတူတဲ့ ပါဝါနှစ်ခု (အဝေး,အနီး) ကို ခြားထားတဲ့ Bifocal Line လေးကိုတွေ့ရမှာပါ...🤗 မှန်အပေါ်ဘက်က အဝေးကိုမြင်ရဖို့ဖြစ်သလို မှန်အောက်ခြမ်းကတော့ အနီးမှုန်သူတွေအတွက် စာဖတ်တဲ့အခါလိုအပ်တဲ့ အနီးကိုမြင်ရဖို့ပဲဖြစ်ပါတယ်...🤓 Bifocals စတပ်တဲ့ သူတစ်ချို့ကတော့ စစချင်းတစ်ပတ်လောက်မှာဆိုရင် အဝေးရော အနီးရောကြည့်ရတာအသားမကျပဲ ခလုတ်တိုက်မိတာမျိုးနဲ့ လမ်းလျှောက်လို့အဆင်မပြေတာမျိုးကြုံရတတ်တယ်နော်...တစ်ပတ်လောက်နေပြီးရင်တော့ အေးဆေးဖြစ်သွားပါပြီ...😁   MULTIFOCALS  ✨မှန် အလယ်မှာ ဘာ Line မှ မပါပဲ အဝေး, အနီး , အလယ် ၃ မျိုးလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ မျက်မှန်အမျိုးအစားကတော့ Multifocal ပါပဲ😉 အနီးအမြင်အတွက် ချဲ့ပေးထားတဲ့ Lens အမျိုးအစားတစ်ခုဖြစ်သလို အလယ်(လက်တစ်ကမ်းက မြင်ကွင်းကိုမြင်နိုင် -ဥပမာ ကွန်ပျူတာကြည့်အကွာအ‌‌ေ၀း) နဲ့ အဝေးကိုလည်း ရှင်းလင်းစွာမြင်နိုင်ဖို့...

Read more →