မျက်စိရေတိမ်အကြောင်း

Posted by Thiha Tun on

ရေတိမ် အကြောင်းနှင့် လက္ခဏာများ

ရေတိမ်ရောဂါသည် မျက်လုံးအတွင်း ရေဖိအားများလာပီး မျက်စိ အာရုံကြောအမျှင်များ (optic nerve ) ကိုပျက်စီးစေကာ အမြင်ကွယ်နိုင်သော ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ရေတိမ်တွင်ထောင့်ကျဥ်းရေတိမ်နှင့်ထောင့်ကျယ်ရေတိမ်ဟူ၍(၂) မျိုးရှိပါသည်။ မျိုးရိုးဗီဇလိုက် သောရောဂါ တစ်မျိုးဖြစ်သည့်အတွက် မိသားစုအတွင်း ရေတိမ်ရောဂါ ခံစားဖူးသူ ရှိပါက မျက်စိအထူးကု ဆရာကြီးများနှင့်ပုံမှန် ပြသသင့်ပါသည်။

ထောင့်ကျဥ်းရေတိမ် လက္ခဏာများကတော့

-မျက်လုံးနီရဲလာခြင်း

-မျကိရိုးကိုက်ခြင်း နှင့်

-မျက်စိမှုန်လာခြင်း

ထောင့်ကျယ်ရေတိမ်လက္ခဏာများကတော့

-မြင်ကွင်း ၏ ဘေးထောင့်တွင် အရိပ်များကျလာပြီး မြင်ကွင်းကျဥ်းသွားခြင်း

-မျက်စိမှုန်လာခြင်း

-ခေါင်းကိုက်ခြင်း

-မျက်ရိုးကိုက်ခြင်း

ရေတိမ်ရောဂါကုသနည်းတွေကတော့

မျက်စိအာရုံကြောမျှင်များ(optic nerve) မထိခိုက်အောင် မျက်စဥ်းခတ်ခြင်းသောက်ဆေးပေးခြင်းနှင့် ရေဖိအားမတက်လာအောင် ထိန်းညှိပီး ကုသနိုင်သလို ဆေးသောက်ခြင်းနှင့် မလုံလောက်ပါက ခွဲစိတ် ကုသနည်းနဲ့ ကုသရပါတယ်။

ရေတိမ်ရောဂါသည် ထူးခြားသည့် လက္ခဏာ မပြသဘဲ အသက်အရွယ် မရွေးဖြစ်နိုင်သောကြောင့် မျက်စိရေဖိအားကို (၆)လ တစ်ကြိမ် လောက် ပုံမှန်စစ်ဆေးသင့်ပါသည် ။

သင့်မျက်စိပုံမှန် စစ်ဆေးနိုင်ဖို့ ဇီးကွက် မျက်မှန်နှင့် အထူးကုစင်တာကြီး တွင် မျက်စိအထူးကု ဆရာဝန်များနှင့် ရေတိမ်ရှိမရှိ ရေဖိအားတက်မတက်ကို ခေတ်မှီစက်များ နဲ့ လာရောက် စမ်းသပ်ကုသနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။


Share this post



← Older Post Newer Post →