သတိထားဆင်ခြင်ဖွယ် ရေတိမ်အန္တရာယ် ‼️
Posted by ZeeKwek Marketing on
တဖြည်းဖြည်းနဲ့ အလင်းမှိန်လာပြီး အဆိုးဆုံးအခြေအနေမှာ အမြင်အာရုံ လုံးဝကွယ်ပျောက်သွားနိုင်တဲ့အထိ ကြောက်စရာကောင်းတဲ့ မျက်စိရေတိမ်ရောဂါ (Glaucoma) အကြောင်းကို သင် ဘယ်လောက်အထိ သိထားပါသလဲ❓
ရေတိမ်ကို ဆေးပညာလောကမှာ "Silent Thief of Sight " လို့ ခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အစောပိုင်းအဆင့်တွေမှာ ဘာလက္ခဏာမှ ပြလေ့မရှိဘဲ သင့်ရဲ့ ဘေးပတ်ပတ်လည် အမြင်အာရုံ (Peripheral Vision) တွေကို တဖြည်းဖြည်းချင်း ဝါးမြိုသွားတတ်လို့ပါပဲ။
အဆိုးဆုံးကတော့... ရေတိမ်ကြောင့် တစ်ခါပျက်စီးသွားတဲ့ အမြင်အာရုံကြောဟာ ဘယ်တော့မှ ပြန်ကောင်းအောင် လုပ်လို့မရတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် မကွယ်ခင်က ကာကွယ်နိုင်ဖို့ ဒါတွေကို သတိထား ဆင်ခြင်ရပါမယ်။
📍အထူးသဖြင့် ပိုပြီးသတိထားသင့်တဲ့သူတွေကတော့ ......
- မျိုးရိုးထဲမှာ ရေတိမ်ရောဂါအခံ ရှိဖူးသူများ။
- အသက် (၄၀) ကျော်လာသူများ။
- မျက်စိဖိအား ပုံမှန်ထက် မြင့်တက်နေသူများ။
- ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူများနှင့် မျက်စိပါဝါ အလွန်များသူများ။
- Steroid (စတီးရွိုက်) ပါသော မျက်စဉ်းဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကာလရှည် ခတ်မိသူများ
ဒီလိုလူတွေထဲမှာ သင်ပါဝင်နေပြီဆိုရင်တော့ ပုံမှန် (၆)လတစ်ခါ မျက်စိကို စစ်ဆေးပေးတာက အကောင်းဆုံးအဖြေတစ်ခုဖြစ်စေမှာပါရှင်။ ဒါ့အပြင် ....
မျက်လုံး အရမ်းကိုက်ခဲပြီး နီရဲလာခြင်း
ခေါင်းအပြင်းအထန်ကိုက်ပြီး ပျို့အန်ခြင်း
မီးရောင်ကို ကြည့်လိုက်ရင် သက်တံရောင်ကွင်းများ မြင်နေရခြင်း
စတာတွေ ဖြစ်လာပြီဆိုရင်တော့မျက်စိအထူးကုဆေးရုံ၊ ဆေးခန်းတွေကို ချက်ချင်းသွားရောက်ပြသဖို့ လိုအပ်ပါတယ်။ ရေတိမ်ဟာ ပျောက်ကင်းအောင် ကုသလို့မရပေမယ့် စောစောစီးစီး သိရှိရင် "ထိန်းထားလို့ ရပါတယ်"။
ဒါကြောင့် အမြင်အာရုံ မကွယ်ပျောက်စေဖို့အတွက် အသက် (၄၀) ကျော်တာနဲ့ မျက်စိဖိအားနှင့် အမြင်အာရုံကြောကို ပုံမှန် သွားရောက်စစ်ဆေးကြဖို့ ဇီးကွက် မျက်မှန်နှင့် မျက်စိဆေးရုံက တိုက်တွန်းလိုက်ပါရစေ။
"မျက်စိအတွက်ဆိုဇီးကွက်"
#ZeeKwek #NowISeeYouWithZeeKwek
#hospital #eyehospital
#GlaucomaAwareness #EyeCare
#ရေတိမ်အန္တရာယ် #မျက်စိကျန်းမာရေး
