LASIK လုပ်ရင် ဘယ်လောက်နားရမလဲ?

Posted by ZeeKwek Marketing on

မျက်စိပါဝါဖျောက်ခါနီးဆိုရင် Patient တိုင်းလိုလိုမေးတတ်တာက " Lasik Surgery လုပ်ရင် ဘယ်လောက်နားရမလဲ” ဆိုတဲ့ မေးခွန်းပါ။

ဒါကြောင့် Lasik Method အလိုက် Recovery Time လေးတွေကို Zeekwek Lasik Center ကနေအာလုံးအတွက် မျှဝေပေးပါရစေရှင်။

📍 TransPRK
ဒီနည်းလမ်းက မျက်လုံးကို လုံးဝမထိဘဲ လေဆာသက်သက်နဲ့ပဲ ကုသတာမို့ လုံခြုံမှု အရမ်းမြင့်ပါတယ်။ ဒါပေမယ့် အနာကျက်ဖို့နဲ့ အမြင်အာရုံ အပြည့်အဝကြည်လင်ဖို့အတွက် (၃) ရက်ကနေ (၅) ရက်အထိ အချိန်ပေးပြီး သေချာအနားယူဖို့ လိုအပ်ပါတယ်။

📍 Femto LASIK
လူကြိုက်အများဆုံးနဲ့ အမြန်ဆုံး အလုပ်ပြန်ဝင်နိုင်တဲ့ နည်းလမ်းပါ။ (၂) ရက်ကနေ (၃) ရက်လောက် အိမ်မှာ သေချာအနားယူလိုက်တာနဲ့ နောက်တစ်နေ့မှာတင် အမြင်အာရုံက သိသိသာသာ ကြည်လင်သွားလို့ လုပ်ငန်းခွင်ကို မြန်မြန်ပြန်ဝင်နိုင်ပါတယ်။

📍 SmartSight
Dry Eye ကို လျော့ချပေးနိုင်တဲ့ နောက်ဆုံးပေါ် နည်းပညာပါ။ (၁) ရက်ကနေ (၂) ရက်လောက် ပဲ နားဖို့လိုပြီး အနာကျက်မြန်တဲ့အပြင် နာကျင်မှုမရှိသလောက် နည်းပါးတာကြောင့် Screen အကြည့်များတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။

📍 SmartSight Nova
SmartSight ရဲ့ အဆင့်အမြင့်ဆုံး Upgrade Version ဖြစ်ပြီး လက်ရှိမှာ အနာကျက်နှုန်း အမြန်ဆုံးပါပဲ။ (၁) ရက် သို့မဟုတ် (၂) ရက်အတွင်း မှာတင် အပြည့်အဝနီးပါး ပြန်ကောင်းလာနိုင်ပြီး ညဘက် မျက်စိစူးတာတွေကိုပါ အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။

ဒါကြောင့် ရက်ရှည်ခွင့်မရတဲ့ သူတွေ၊ အလုပ်မြန်မြန် ပြန်ဝင်ချင်တဲ့သူတွေ အတွက်ဆိုရင်တော့ Recovery အလွန်မြန်တဲ့ Femto နဲ့ SmartSight နည်းလမ်းတွေက အသင့်တော်ဆုံးပါပဲ။ 

ကိုယ့်ရဲ့ မျက်လုံးအခြေအနေနဲ့ Lifestyle ပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မဲ့ နည်းလမ်းကို Zeekwek Lasik Center နဲ့အတူ တိုင်ပင်ဆွေးနွေးလို့ရပါတယ် ✅

မျက်စိအတွက် ဇီးကွက် 

📍 𝐙𝐞𝐞𝐊𝐰𝐞𝐤 𝐋𝐚𝐬𝐢𝐤 𝐂𝐞𝐧𝐭𝐞𝐫 (ပန်းဆိုးတန်း)
အမှတ် (၅၄၂, ၅၄၄)၊ ပန်းဆိုးတန်းလမ်းနှင့်ကုန်သည်လမ်းထောင့် (အိန္ဒိယသံရုံးရှေ့)
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
☎️ 𝐋𝐚𝐬𝐢𝐤 𝐁𝐎𝐎𝐊𝐈𝐍𝐆: 𝟎𝟗𝟒𝟒𝟖𝟖𝟑𝟑𝟖𝟑𝟑, 𝟎𝟗𝟖𝟖𝟕𝟔𝟑𝟑𝟑𝟗




Share this post



← Older Post Newer Post →