နေ့ချင်းပြီး အတွင်းတိမ်ခွဲစိတ်ခြင်းရဲ့ အားသာချက်များ

Posted by ZeeKwek Marketing on

အရင်တုန်းကတော့ ခွဲစိတ်မှုတစ်ခုလုပ်မယ်ဆိုရင် ဆေးရုံရက်ချိန်းယူရ၊ ဆေးရုံမှာ ညအိပ်တက်ရတာတွေကြောင့် အချိန်ကုန်ပြီး လူလည်းပင်ပန်းရပါတယ်။ အခုတော့ ခေတ်မီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အတွင်းတိမ်ခွဲစိတ်မှုကို အရင်လို ဆေးရုံတက်စရာမလိုဘဲ ပိုမိုလွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်ပါပြီ။

ဒါကြောင့် နေ့ချင်းပြီး အတွင်းတိမ်ခွဲစိတ်ခြင်းရဲ့ အားသာချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

✅ ခွဲစိတ်မှုအပြီး ဆေးရုံမှာ ညအိပ်စောင့်ကြည့်ဖို့ မလိုဘဲ နာရီပိုင်းအတွင်း အိမ်ပြန်နားနိုင်တာမို့ လူနာရော လူနာရှင်ပါ အချိန်ကုန်၊ လူပင်ပန်း သက်သာစေပါတယ်။

✅  ခွဲစိတ်ချိန်ဟာ မိနစ်ပိုင်းသာ ကြာမြင့်တဲ့အတွက် လူနာအတွက် ပင်ပန်းမှုမရှိစေပါဘူး။

✅  ခွဲစိတ်ပြီး နောက်ရက်တွေမှာတင် ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်ရင်း နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်း ပြန်လည်လုပ်ကိုင်နိုင်ပါပြီ။

ဇီးကွက် (မျက်စိဆေးရုံ) မှာဆိုရင် 𝐔𝐒𝐀 𝐌𝐚𝐝𝐞 𝐆𝐨𝐥𝐝 𝐬𝐭𝐚𝐧𝐝𝐚𝐫𝐝 𝐂𝐞𝐧𝐭𝐮𝐫𝐢𝐨𝐧 𝐏𝐡𝐚𝐜𝐨 စက်ကြီးကို အသုံးပြုပြီး ဝါရင့်မျက်စိအထူးကု ဆရာဝန်ကြီးတွေနဲ့အတူ နိုင်ငံတကာအဆင့်မီ အတွင်းတိမ်ခွဲစိတ်မှုကို နေ့ချင်းပြီး ဝန်ဆောင်မှုပေးနေပါတယ်။

ဒါကြောင့် လူကြီးမိဘတွေအတွက် ဆေးရုံတက်ရတဲ့ ဒုက္ခကင်းဝေးပြီး အချိန်တိုအတွင်း ကြည်လင်တဲ့အမြင်အာရုံကို ဇီးကွက်မှာ ယုံကြည်စိတ်ချစွာ ပြန်လည်ရယူလိုက်ပါ။

”မျက်စိအတွက်ဆို ဇီးကွက်” 

📍 ဇီးကွက် မျက်စိအထူးကုဆေးရုံ (အင်းစိန်)
၅၃၊ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံမှတ်တိုင်အနီး၊ (ရိုးမဘဏ်ရှေ့)၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
☎️ 09783383313, 09783383323

📍 ဇီးကွက် မျက်စိအထူးကုဆေးရုံ (ပန်းဆိုးတန်း)
အမှတ် ၅၄၂၊ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့် (အိန္ဒိယသံရုံးရှေ့)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
☎️ 09896040106, 09896040107

📍 ဇီးကွက် မျက်စိခွဲစိတ်စင်တာ (တောင်ဥက္ကလာပ)
အမှတ် (၈၀၆) ၊ သံသုမာလမ်းမကြီး၊ ရတနာလမ်း နှင့် မေတ္တာလမ်းကြား၊
(၃၁) ဂိတ်ဟောင်းမှတ်တိုင် အရှေ့၊ တောင်ဥက္ကလာပမြို့နယ်။


Share this post



← Older Post