မျက်စိစွန်ရခြင်းအကြောင်းအရင်းနှင့်လက္ခဏာများ

Posted by Kyawkyaw soe on

မျက်စိစွန်ခြင်းကိုငယ်စဥ်ကလေးဘဝမှစ၍ အသက်အရွယ်တစ်ခု ရသည်အထိ လူတိုင်းနီးပါးမှာဖြစ်ပေါ် တက်ကြပါတယ်
ဒီနေ့မှာတော့ မျက်စိစွန်ရခြင်းအကြောင်းအရင်းနှင့်လက္ခဏာများကို ဝေငှပေးသွားမှာဖြစ်ပါတယ်ရှင်

မျက်စိစွန်ခြင်းမှာ
-မျက်ခွံပြင်ပမျက်စိစွန်ခြင်းနှင့်
-မျက်ခွံအတွင်းမျက်စိစွန်ခြင်း ဆိုပြီး ပုံစံ (၂) မျိုးဖြစ်လေ့ရှိပါတယ်ရှင်
မျက်ခွံအတွင်းမျက်စိစွန်ခြင်းကတော့ မျက်ခွံပြင်ပမျက်စိစွန်ခြင်းထက်ပိုပြီး နာကျင်မှုကို ခံစားရပါတယ်
မျက်စိစွန်ခြင်းဟာ မျက်တောင်မွှေးအစပ်နားရှိ မွေးညှင်းအိတ် ပိုးဝင်းခြင်း သို့မဟုတ် မျက်ဆီဂလင်း ပိုးဝင်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်

မျက်စိစွန်ရခြင်းအကြောင်းအရင်းများကတော့---
-သက်တမ်းလွန် Make up ပစ္စည်းများအသုံးပြုခြင်း
-ညအိပ်ရာမဝင်ခင် Make up များကို မသန့်စင်ဘဲ အိပ်စက်ခြင်း
-မသန့်စင်သောလက်နှင့် မျက်ကပ်မှန်တပ်ဆင်ခြင်း၊မျက်လုံးပွတ်မိခြင်း
-အိမ်ရေးမဝခြင်း နှင့် မျက်ခွံရောင်ယမ်းမှုဝေဒနာခံစားနေရသူများတွင် မျက်စိစွန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်ရှင်

မျက်စိစွန်ခြင်းလက္ခဏာရပ်များကတော့---
-မျက်ခွံအစပ်မှာ အနီရောင်အဖုရှိခြင်း သို့မဟုတ် မျက်ခွံအတွင်း အဖုရှိနေခြင်း
-မျက်ခွံရောင်ရမ်းလားခြင်း
-အဖုသည်နီရဲလာပြီး နာကျင်မှုကိုခံစားရခြင်း
-မျက်ရည်ပူကျခြင်း
-မျက်စိထဲတွင်ခိုးလုခုလုဖြစ်ခြင်း
-မျက်တောင်ခတ်ချိန်တွင် သက်သောင့်သက်သာမရှိခြင်းတို့ကို ခံစားရတက်ပါတယ်ရှင်

မျက်စိစွန်သည့်အဖုဟာ ရက်အနည်းငယ်အတွင်း သူ့ဘာသာအလိုလိုပေါက်ထွက်ပြီးပျောက်ကင်းနိုင်ပါတယ်
သို့ပေမယ့် မျက်စိစွန်အဖုသည် အချိန်ကြာမြင့်စွာနဲ့ မျက်ခွံအတွင်း သို့မဟုတ် အပြင်မှာ ဖြစ်ပေါ်နေပြီး သာမာန်ထက်ကြီးသည့်အပြင် နာကျင်မှုပြင်ထန်လျှင် မျက်ိစဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်ရှင်

ဇီးကွက်မျက်စိအထူးကုဆေးရုံအင်းစိန်မှာ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်ိစစွန်အဖုကိုခြစ်ထုတ် ကုသနိုင်သည့်အပြင် အတွင်းတိမ်၊ရေတိမ်ရောဂါများကိုလည်းခွဲစိတ်ခန်းအသစ်ကြီးမှာ စိတ်အေးချမ်းသာစွာကုသနိုင်ပါတယ်ရှင်

မျက်စိစွန်ဖုနဲ့ပတ်သက်ပြီးခံစားရသော နာကျင်မှုကိုသက်သာအောင်ပြုလုပ်နိုင်သည့်နည်းလမ်းများကို ဆက်လက်ပြီးဖော်ပြပေးသွားပါမယ်ရှင်


Share this post



← Older Post