မျက်စိအတွင်းတိမ်အကြောင်း သိကောင်းစရာများ

Posted by Thiha Tun on

အတွင်းတိမ် အကြောင်း နှင့် လက္ခဏာများ

အတွင်းတိမ်ရောဂါ သည် မြင်ကွင်း တစ်ခုဖြစ်ပေါ်လာဖို့ အတွက် မျက်စိ အတွင်း ရှိ အထောက်အပံ့ စိတ်အပိုင်း တစ်ခုဖြစ်သော မျက်စိ မှန်ဘီးလူး တွင် ပရို တင်းများစုဝေး ခြင်းမှဖြစ်သော ရောဂါ ဖြစ်ပါသည်။

အတွင်းတိမ်အကြောင်းအရင်း

-အသက်အရွယ်ကြီးလာခြင်း။

-မျက်လုံးထိခိုက်ဒဏ်ရာရရှိခြင်း။

-နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ အလုပ်လုပ်ကိုင်နေရခြင်း။

-ဆီးချို သွေးချို ‌ဝေဒနာ ခံစားနေ ရခြင်း။

-Steroid ပါသောဆေးဝါးများ အစဥ် မှီဝဲ နေရခြင်း။

အတွင်းတိမ် လက္ခဏာများ

-အမြင်ဝေဝါးလာခြင်း။

-ပါဝါ အပြောင်းအလဲမြန်ခြင်း။

-အနီးကြည့် မျက်မှန် မလိုဘဲ အနီးကြည့် ပြန်ကောင်းမွန်လာခြင်း။

-အလင်းရောင်ကို စူးရှစွာ ခံစားရခြင်း။

-မြင်ကွင်းအတွင်း အနှောက် အယှက် ဖြစ်‌ပေါ်ခြင်း။

အတွင်းတိမ်ကုသနည်း

ယနေ့အချိန်ထိ အတွင်းတိမ် ကို ခွဲစိတ်ကုသနည်း (၁) နည်းသာရှိသည်။ ခွဲစိတ်နည်း မှာ လက်နဲ့ ခွဲစိတ်နည်း နှင့် စက်နဲ့ ခွဲစိတ်နည်း ဟူ၍ (၂) မျိုးရှိပါသည်။

အတွင်းတိမ်းကို မခွဲစိတ် ဘဲထားပါက မျက်စိကွယ်နိုင်ပါသည်။အသက်(၄၀)ကျော်သူများအနေနှင့် မပေါ့ဆဘဲ ပုံမှန် စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်ရှင်။

ဇီးကွက် မျက်မှန်နှင့် နှင့် အထူးကုစင်တာကြီး တွင်လည်း မျက်စိအထူးကု ဆရာဝန်များနှင့် အတွင်းတိမ် ရှိမရှိကို ခေတ်မှီစက်များ နှင့် လာရောက် စမ်းသပ်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်မျက်စိအတွင်းတိမ် Cataract


Share this post



← Older Post Newer Post →