အနီး၊ အဝေး နှင့် multifocal မှန်အမျိုးအစား ၃ ခု

Posted by Kyawkyaw soe on

 

ဇီးကွက်မှာ မျက်မှန်လာလုပ်တဲ့အခါ Single Vision, Bifocal နဲ့ Multifocals ဘာမှန်အမျိုးအစားကိုရွေးရမလဲ ရှင်းရှင်းလင်းလင်း သိသွားအောင် ဇီးကွက်က ပြောပြပေးချင်လို့..

SINGLE VISION 

Single Visions ဆိုတာကတော့ အဝေး (သို့မဟုတ်) အနီး တစ်မျိုးထဲကိုပဲမြင်ရတဲ့ အဝေးမှုန် အနီးမှုန်တွေတပ်ကြတဲ့မျက်မှန်မျိုးပါနော်အသက် ၄၀အောက်တွေကတော့ single vision ဘဲတပ်ရတာများပါတယ်

 BIFOCALS

အဝေး အနီး နှစ်မျိုးလုံးမြင်ရဖို့ Lens နှစ်မျိုးပါတာကို Bifocals လို့ခေါ်တယ်နော်..

အသက် ၄၀ကျော်ရင် bifocals သို့ multifocals မှန်လို လေ့ရှိပါတယ်

Bifocals Lens ရဲ့မျက်နှာပြင်အလယ်မှာဆိုရင်

မတူတဲ့ ပါဝါနှစ်ခု (အဝေး,အနီး) ကို ခြားထားတဲ့ Bifocal Line လေးကိုတွေ့ရမှာပါ...

မှန်အပေါ်ဘက်က အဝေးကိုမြင်ရဖို့ဖြစ်သလို

မှန်အောက်ခြမ်းကတော့ အနီးမှုန်သူတွေအတွက် စာဖတ်တဲ့အခါလိုအပ်တဲ့ အနီးကိုမြင်ရဖို့ပဲဖြစ်ပါတယ်...

Bifocals စတပ်တဲ့ သူတစ်ချို့ကတော့ စစချင်းတစ်ပတ်လောက်မှာဆိုရင် အဝေးရော အနီးရောကြည့်ရတာအသားမကျပဲ ခလုတ်တိုက်မိတာမျိုးနဲ့ လမ်းလျှောက်လို့အဆင်မပြေတာမျိုးကြုံရတတ်တယ်နော်...တစ်ပတ်လောက်နေပြီးရင်တော့ အေးဆေးဖြစ်သွားပါပြီ...

 

MULTIFOCALS 

မှန် အလယ်မှာ ဘာ Line မှ မပါပဲ အဝေး, အနီး , အလယ် ၃ မျိုးလုံးကို ရှင်းရှင်းလင်းလင်း မြင်ရတဲ့ မျက်မှန်အမျိုးအစားကတော့ Multifocal ပါပဲ

အနီးအမြင်အတွက် ချဲ့ပေးထားတဲ့ Lens အမျိုးအစားတစ်ခုဖြစ်သလို အလယ်(လက်တစ်ကမ်းက မြင်ကွင်းကိုမြင်နိုင် -ဥပမာ ကွန်ပျူတာကြည့်အကွာအ‌‌ေ၀း) နဲ့ အဝေးကိုလည်း ရှင်းလင်းစွာမြင်နိုင်ဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်...
အကွာအဝေးအားလုံးကို မျက်မှန်တစ်လက်ထဲနဲ့ အကုန်မြင်ရမှာတော့ ပိုအဆင်ပြေတာပေါ့Progressives လို့လည်းခေါ်ကြတယ်နော်

Multifocals ကိုတပ်မယ်ဆိုရင်တော့ အားသာတာတစ်ခုက ချောမွေ့တဲ့မှန်သားမျက်နှာပြင်နဲ့ Lens ကြောင့် တစ်ခါတည်း နေသားကျပြီး ကြည့်လို့အဆင်ပြေနိုင်မှာပါ...

လူကြီးမင်းက အသက် ၄၀ကျော်ပီး ကွန်ပျူတာ အကြည့်များသူတစ်ယောက်ဆိုရင်တော့ ဒီ multifocals မှန်အမျိုးအစားကို ရွေးတပ်သင့်ပါတယ်

 

ဒီလိုမျိုး မှန်အားလုံး ကို ဇီးကွက်မှာရနိုင်တယ်ဆိုတော့ စိတ်ကြိုက်ရွေးချယ်လို့ရပြီပေါ့ 

လူကြီးမင်းနဲ့သင့်တော်တဲ့ မှန်အမျိုးအစားကိုလဲ ဇီးကွက်ရဲ့ကျွမ်းကျင်တဲ့ ၀န်ထမ်းတွေက ကူညီရွေးချယ်ပေးဖို့ အသင့်ပါဘဲခင်ဗျ

 

 


Share this post



Newer Post →