အသက်ကြီးလာမှ အနီးမှုန်တာလား?
Posted by Moezaw ZeeKwek on
အသက်ကြီးလာမှ အနီးမှုန်တာလား… တကယ်တော့ မဟုတ်ပါဘူး ![]()
"အသက် ၄၀ ကျော်မှ အနီးမှုန်တာ၊ အသက်ကြီးလာရင် အနီးကြည့်မျက်မှန် တပ်ရတာ သဘာဝပါ" လို့ အများစု ထင်ထားတတ်ကြပါတယ်။ ဒါပေမဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်း အနီးမှုန်နိုင်တယ် ဆိုတာကိုရော သိပြီးပြီလား![]()
တကယ်တော့ အသက်ကြီးမှ ဖြစ်တဲ့ အနီးမှုန်ခြင်းနဲ့ ငယ်ရွယ်စဉ်မှာ ဖြစ်တဲ့ အနီးမှုန်ခြင်းတို့ဟာ ဖြစ်ရတဲ့ အကြောင်းအရင်း မတူကြပါဘူး။ဒီနေ့မှာတော့ အသက်ငယ်ရွယ်စဉ်မှာ ဘာကြောင့် အနီးမှုန်ရတာလဲဆိုတဲ့ တရားခံတွေကို ရှင်းပြပေးသွားပါမယ်။
မျက်လုံးရဲ့ သဘာဝပုံသဏ္ဌာန်ကြောင့် အနီးမှုန်ခြင်း
Digital Eye Strain ကြောင့် အနီးမှုန်ခြင်း
သွေးချို/ဆီးချို တက်ခြင်းကြောင့်အနီးမှုန်ခြင်း
သောက်ဆေးအချို့၏ ဘေးထွက်ဆိုးကျိုးကြောင့် အနီးမှုန်ခြင်း
"ကဲ... သင်ရော ဖုန်းကြည့်ရတာ ကြာလာရင် စာတွေ ဝါးသွားတာမျိုး ခံစားဖူးပါသလား။ ဒီလိုမျိုး မကြာခဏ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဇီးကွက် (မျက်မှန်နှင့် မျက်စိဆေးရုံ) ကို လာရောက်စမ်းသပ်စစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေရှင်။
မျက်စိအတွက် ဇီးကွက် ![]()
